သီပေါမြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူးထောင်မှု အထိမ်းအမှတ်မှတ်တမ်းပုံများပြသဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ ကြည့်ရှု‌လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၁၈.၂.၂၀၂၃)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ ဆက်)