ပေါက်တော ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်ဖြင့် ပြသကြသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် နံရံကပ်ပြဘုတ်တွင် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားပြီး မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများ၊ လူငယ်လူရွယ်များ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)