မိုင်းယု ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အသိပညာပေး နံရံ ကပ်စာစောင်ပြသမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားလျက်ရှိသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲတို့၏ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၊ စုစုပေါင်းမှတ်တမ်းဓာတ်ပုံ (၂၀)ပုံတို့အား ပြသထား၍ လမ်းသွားလမ်းလာပြည်သူများ၊ စာငှား/စာဖတ် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်