ငါ့သရောက် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့၊ အမှတ်(၂) ပျဉ်းပင်ရက်ကွက်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား ဟင်းသီးဟင်းရွက်များနှင့် သီးနှံများအ တွက် သဘာဝဓာတ်မြေသြဇာ စူပါဘိုကာရှီနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲးနည်း ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဓာတ်မြေသြဇာ စူပါဘိုကာရှီနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းများကို ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ စူပါဘိုကာရှီ၏ အဓိပ္ပါယ်၊ စူပါဘိုကာရှီပြုလုပ်နည်းများ၊ စူပါဘိုကာရှီ၏ အကျိုးကျေးဇူးများအကြောင်းကို တောင်သူများအား ရှင်ပြပေးခဲ့ကြောင်း သိရသည်။ ထိုနောက် စူပါဘိုကာရှီနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်ပုံတို့ကို တောင်သူများရှေ့တွင် လက်တွေ့လုပ်ဆောင်ပြီး စမ်းသပ်အသုံးပြုခဲ့ကြောင်း သိရသည်။ အဆိုပါစူပါဘိုကာရှီနှင့် သဘာဝပိုးသတ်ဆေး ကွင်းဆင်းသရုပ်ပြပွဲသို့ ဝန်ထန်း ၁၄ ဦးနှင့် အမှတ် ၂ ပျဉ်ပင်ရက်ကွက်မှ တောင်သူများအပါအဝင် အနီးအနားကျေးရွာများမှ တောင်သူ (၆၄) ဦး၊ စုစုပေါင်း (၈၁) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
.P.W.A(ပြန်/ဆက်)