(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲတွင် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲကျင်းပ

မိုင်းယန်း ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ည ၇ နာရီအချိန်တွင် ဟော်ကန်ရပ်ကွက်ရှိ မြို့မအားကစားခန်းမအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အားကစားပြိုင်ပွဲများဖြစ်သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ အေးချမ်းပျော်ရွင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး