မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေး အသိပညာပေး Talk Show ဆောင်ရွက်

မိုးညှင်း ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးအသိပညာ Talk Show ကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အဆိုပါအသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်အုန်းနွဲ့က ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် ကာကွယ်စောင့်ရှောက်မှုအခြေအနေများနှင့် ကလေးသူငယ်ဥပဒေတွင် ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းနှင့်ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများအား အသိပညာဗဟိုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း