ပင်းတယ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီ(ပင်းတယ)မှ အမှုဆောင်အရာရှိ ဦးစည်သူဝင်း ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့ပေါ်မင်းလမ်းမ လမ်းဘေးဝဲယာတစ်လျှောက် (ပလက်ဖောင်း)လူသွားလမ်းများ၊ အလှပုံဖော်ထားသည့်နေရာတို့တွင် ဆေးသုတ်ခြင်းလုပ်ငန်းနှင့် အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်သည် ပြည်တွင်း ပြည်ပမှ ဧည့်သည်များ အထူးစိတ်ဝင်တစားလာရောက်လည်ပတ်လေ့ရှိရာ မြို့အင်္ဂါရပ်နှင့်အညီသန့်ရှင်း သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)