လမ်းမတော်မြို့နယ် မော်တင်စျေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  စျေးရောင်းချနေမှုအခြေအနေများကို ကွင်းဆင်း ဆောင်ရွက်

လမ်းမတော် စက်တင်ဘာ ၂၈

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ပိုင်းက မော်တင်စျေးတွင် စျေးရောင်းချနေမှုအခြေအနေများကို  တွဲဖက် အတွင်းရေးမှူး ဦးဆောင်၍ အနောက်ပိုင်းခရိုင် တာဝန်ခံ ဦးဘမျိုးသိန်း (အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးကျော် တို့ပါဝင်သောအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ရာတွင် မော်တင်စျေး အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်းတပ်ဆင်မှုရှိစေရေး၊ ကုန်စိမ်းနှင့်သားငါး ပုံမှန်ရောင်းဝယ်ကြ ရေး ၊ ကျန်းမာရေးဂရုစိုက်ပြီးစျေးရောင်းစေရေး၊စျေးတာဝန်ရှိသူများက စနစ်တကျMaskတပ် ဆင်ရေးကြပ် မတ်ဆောင်ရွက်ကြရန်၊စျေးရောင်းချသူများအနေဖြင့် တိုင်းဒေသကြီး အဆင့် ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန်ကြေညာထားသော သတ်မှတ်အချိန်များအတွင်း၌ သာ ဖွင့်လှစ် ရောင်းချသွားကြရန်နှင့် ထိုသို့ရောင်းချရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန် အသိ ပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

ကျော်ဆန်းမြင့်