ဒေါပုံမြို့နယ်၊ အ.ထ.က(၁)ကျောင်း Quarantine Centre ရှိ Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် နေ့လယ်စာထမင်းဘူး၊ရေသန့် အချိုရည်များ(၁၀၀)ဘူးအား လှူဒါန်း

ဒေါပုံ    စက်တင်ဘာ  ၂၈

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အ.ထ.က(၁) ကျောင်း Quarantine Centre ရှိ Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် နေ့လယ်စာ ထမင်းဘူး၊ ရေသန့် အချိုရည်များ (၁၀၀)ဘူးအား  ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ဇော်ဂျီလမ်း၊ အမှတ်(၁၈၀)တွင် နေထိုင်သော အလှူရှင် ဦးရွှေထွန်း၊ ဒေါ်တင်လှိုင် မိသားစုက Quarantine Centre  ထမင်းဘူး (၁၀၀)ဘူး၊ ရေသန့်(၁၀၀) ဘူး၊ အချိုရည်(၁၀၀)ဘူး တို့အားလှူဒါန်းကြောင်းသိရသည်။

အဆိုပါလှူဒါန်းခြင်းတွင် အလှူရှင်များကိုယ်စား ဆေးစက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များက လာရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

သဲစုစုလွင်(ပြန်/ဆက်)