မုံးကိုးမြို့၌ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ(Take-Away)ပါဆယ်စနစ်ဖြင့် ရောင်းချ နိုင်ရေးကွင်းဆင်းဆောင်ရွက်

 

မုံးကိုး                  စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် မုံးကိုးမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက် ရည်ဆိုင် များအား (Take-away)ပါဆယ်စနစ်ဖြင့် စနစ်တစ်ကျရောင်းချရေးအတွက် ယနေ့နံနက်() နာရီခန့်က မုံးကိုးမြို့၊ တာဝန်ရှိသူများက လိုက်လံကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မုံးကိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ အုပ်ချုပ်ရေးမှူးဦးမျိုးလွင်မြို့စည်ပင်သာယာရေးဌာနနှင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ခေါက်ဆွဲ ဆိုင်များ၊ အသုပ်ဆိုင်များနှင့် ထမင်းဆိုင်များအား ဆိုင်ထိုင်တစ်နစ်စားသောက်ခြင်းကို ခွင့်မပြု တော့ဘဲ (Take-away)ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာ တွင် လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ် တားဆီးရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ပြီး ကုန်စုံဆိုင်များအနေဖြင့် ဈေးရောင်းချရာ၌ ကြိုးတန်းတား၍ ဆိုင်ပြင်ပဘက်မှ ဈေး ဝယ်ယူနိုင်ရေးတို့ကို စနစ်တကျဆောင်ရွက်စေခြင်း၊ ကုန်စိမ်းဈေးသည် များကိုလည်း စနစ် တကျနေရာချထားပေးခြင်းနှင့် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်း များကို မှာကြားပြီး မုံးကိုမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် လမ်းညွှန် ညွှန်ကြားချက်များနှင့်အညီ အရှိန် အဟုန်မပျက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 သန်းဇော်ဦး(ပြန်ဆက်)