တနိုင်းမြို့ အခြေခံပညာ‌ကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

တနိုင်း ဖေဖော်ဝါရီ ၁၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက် ၁၁ နာရီက သာယာ(၁) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်လူရွယ် လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာမှာဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်မှ စာအုပ်များ လာရောက် ငှားရမ်းဖတ်ရှုကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်သူများက စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြပြီး ပြသထားသည့်နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။

အလားတူ တနိုင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

ပန်းအိ(တနိုင်း)