မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ပရဟိတအသင်းများအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်

မန္တလေး စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် လူနာများကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ရေး လုပ်ငန်း များတွင် တာဝန်ယူဆောင်ရွက်နေသော မဟာအောင်မြေမြို့နယ် ပရဟိတညီနောင်များ ကွန်ယက်မှ အသင်းများအား PPE ဝတ်စုံများ လှူဒါန်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် PPE ဝတ်စုံများကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်နှင့် မဟာအောင်မြေ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် လူနာများကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ရေး လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်နေသော မဟာအောင်မြေမြို့နယ် ပရဟိတညီနောင်များကွန်ယက်မှ ညီနောင် အသင်းများဖြစ်သော မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၊ မဏီစလ လူမှုကူညီရေး အသင်း၊ မိုဃ်းကောင်းယသ လူမှုကူညီရေး အသင်းနှင့် မဟာမြိုင် လူမှုကူညီရေးအသင်းတို့အား တစ်သင်း လျှင် (၁၅)စုံစီ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်