ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဒေါ့ဖုန်းယန်၌ ကျင်းပ

ဒေါ့ဖုန်းယန် ဖေဖော်ဝါရီ ၁၃

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ မြို့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းက အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄) ချက်ဆိုကြသည်။ ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးက အဖွင့်ပွဲစဉ်ဖြစ်သော အုပ်စု(က) မှာပါတဲ့ ရှဒန်ပါအသင်းနှင့် တိန်းမကြိုင်းအသင်းတို့ယှဉ်ပြိုင်ရန်အတွက် ဘောလုံးကန်၍ဖွင့်ပေးခဲ့ပြီး ရှဒန်ပါအသင်းက တိန်းမကြိုင်းအသင်းကို (၃)ဂိုး၊ (၁)ဂိုးဖြင့်အနိုင်ရရှိသည်။ ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အုပ်စု(၂)အုပ်စုနဲ့ ဘောလုံးအသင်း(၆) သင်း၊ (၃) သင်း(၁) အုပ်စု ပတ်လည်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ(၁၂) ရက်နေ့မှ (၂၃) ရက်နေ့အထိယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရသည်။

ဒေါ့ဖုန်းယန် (ပြန်/ဆက်)