မြောက်ဦး ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေးအတွက် သန်ချဆေး ပေါင်းများတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီကအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ ကွင်းဆင်းတိုက်ကျွေးခဲ့ ကြောင်းသိရသည်။
ထို့နောက် ကာကွယ်ဆေးသောက်ပြီးနောက် ကောင်းကျိုးနှင့်ဆိုးကျိုးများတွင် သန်ချဆေးဖြစ် သည့်အတွက်ကြောင့် ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အနည်းငယ်မူးတတ် ၊ ပျို့အန်တတ်ပြီး ၎င်းဆေးများတွင်လည်း ဆိုးဝါးသောဘေးထွက်ဆိုးကျိုးများမရှိပါ။အစားအစာစားပြီး ၁ နာရီအကြာမှသာစ၍သောက်နိုင်ပြီး ဆေးသောက်ပြီးလျှင်လည်း အိပ်စက်အနားယူလိုက်လျှင် ပို၍ကောင်းမွန်တတ်ပါသည်။ ဆင်ခြေထောက် ရောဂါသည် သွေးကြောတွင်းတွင်နေသော သန်ကောင်အမျိုးအစား ကပ်ပါးပိုးကြောင့်ဖြစ်ပွားတတ်သည်။ ခြင်မှတစ်ဆင့်လည်း ကူးစက်တတ်ပြီး ဆင် ခြေထောက် ရောဂါပိုးကို သယ်ဆောင်သော ခြင်သည် ရေပုပ်ရေသိုးအိုင်များ၊ ရေစီးရေလာ မကောင်းသော ရေမြောင်း ပုပ်များ၊ ရေဆိုးကျင်းများ ၊ မလုံခြုံသောအိမ်သာကျင်းတွင် ပေါက်ပွားလေ့ရှိသည့် စသောအကြောင်းအရာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မသောင်းစိန်ထံမှ သိရသည်။
အဆိုပါ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးတိုက်ကျွေးခြင်းတွင် အိုင်ဗာမက်တင်(Ivermectin)၊ ဒီအီးစီ( DEC) ၊ အယ်ဘန်ဒါဇော (Albendazole) ဆေးဝါးသုံး မျိုးပေါင်းစပ်သော ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်း မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ ကာကွယ်ဆေးအား တစ်ပြိုင်နက်တည်းတိုက်ကျွေးလျက် ရှိကြောင်း သိရှိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)