မိုးညှင်း ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်နှင့် ဆုများရရှိကြသည့် ကလေးငယ်များအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အော်သပြေ(၁)ရပ်ကွက်ရှိ မိုးညှင်း မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယဦးစီးမှူး ဦးရန်ကျော်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး ဖေဖော်ဝါရီလ (၈)ရက်နှင့် (၁၀)ရက်နေ့တွင် ကျင်းပခဲ့သည့် ကာယစွမ်းရည်ပြိုင်ပွဲ(၇)မျိုးနှင့် ဉာဏစွမ်းရည် ပြိုင်ပွဲ(၃)မျိုးတို့တွင် ဆုများရရှိခဲ့ကြသော မူကြိုကျောင်းများမှ ကလေးငယ်များအား အခမ်းအနားသို့ တက်ရောက်လာ ကြသည့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် မိုးညှင်းဒေသအတွင်းရှိ မိုးညှင်းမူလတန်းကြိုကျောင်း၊ ပင့်သာကိုယ်မူကြိုကျောင်း၊ ပင်းဟဲကိုယ်မူကြိုကျောင်း၊ မေတ္တာရိပ်ကိုယ်မူကြိုကျောင်း၊ မြို့မနှစ်ခြင်းကိုယ်မူကြိုကျောင်းနှင့် ကုန်းတန်းကြီး(မိခင်ဝိုင်း)မှ ကလေးငယ်များက သီချင်းနှင့် အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း