ကျိုက်မရော၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ” (Talk Show) ပြုလုပ်

ကျိုက်မရော ဖေဖော်ဝါရီ ၁၃

ကျိုက်မရောမြို့နယ်၊အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ “ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏  ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မိုးမိုးဦးက လူကုန်ကူးမှုဆိုင်ရာ ပညာပေးခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုများနှင့် အမျိုးသမီးထုအတွင်း အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ယခုလိုဟောပြောပွဲ Talk Show များကို လစဥ်ကျင်းပခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း၃ရပ်နှင့် လူကုန်ကူးမှုဖြစ်ပေါ်လာပုံ တွန်းအားပေးချက်များအကြောင်းကို ပြည်သူလူထု သိရှိစေရန် အွန်လိုင်းမှတစ်ဆင့် ပညာပေးဆွေးနွေးခဲ့သည်။ ထို့ပြင် လူကုန်ကူးမှုဖြစ်ပေါ်လာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် အရေးပေါ် Hot.Line ဖုန်းများကို ဆက်သွယ်သတင်းပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ ဆက်)