ပြင်ဦးလွင်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းဆောင်ရွက်

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၆)ရှိ တိုင်းရင်းသားအထိမ်းအမှတ်ဥယျာဉ် ပြည်ထောင်စုရင်ပြင် (National Landmark Garden) ၌ကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ရင်းနှီးချစ်ကြည်မှု၊ ပြည်ထောင်စုစိတ်ဓာတ်၏အဓိပ္ပာယ်များ၊ ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့် ကာတွန်းများ စသည့်အကြောင်းအရာများပါရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)