ကန်ပိုက်တီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲကျင်းပ

ကန်ပိုက်တီ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၂) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရသင်းအုပ်ဆရာ ဦးဇော်အောင်က (၇၆)‌ နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ကောင်းချီးပေးဆုတောင်းခဲ့သည်။

ထို့နောက် (၇၆) မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျား/မ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

မာလ (ကန်ပိုက်တီ)