ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (၉၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ညနေ (၃) နာရီက အမှတ် (၉၃) ရပ်ကွက်၊ ဗေဒါလမ်းနှင့် စိမ်းလဲ့ကန်သာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ် (၉၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ အသင်း(၁၃)သင်းတို့မှ ပွဲစဉ်(၂၃)ပွဲဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး  ဗိုလ်လုပွဲကို ယခင်ကျားကျောင်းလူငယ်အသင်းနှင့် DGSK FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ DGSK FC မှပထမဆု၊ (၅)သိန်း၊ ယခင်ကျားကျောင်း လူငယ်အသင်းမှ ဒုတိယဆု (၃) သိန်း၊ ကတို့ဆိမ့် FC အသင်းမှ တတိယဆု(၂)သိန်း၊ ဘဘကြီးများ အသင်းမှ အသန့်ရှင်းဆုံးဆုများ ရရှိခဲ့ပြီး ဆုပေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ (ပြန်/ ဆက်)