မက်မန်း ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ယနေ့ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး Talk Show ရိုက်ကူးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးခဲ့သည်။
မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်အေးဝင်းခိုင် (ဦးစီးအရာရှိ)တို့သည် ယနေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကလေးများအတွက် အတုယူအားဖွယ် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသည့် စိတ်နေသဘောထားများ၊ မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များအပေါ် ပြုစုပျိုးထောင်ရမည့် အမူအကျင့်များ၊ ရပ်ကွက်/ ကျေးရွာများရှိ ကလေးငယ်များအား ပြိုင်ပွဲများဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရိုက်ကူးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး Talk Show အား မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Matman Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းကျင်(ခရိုင်၊ပြန်/ဆက်)