ခရမ်း ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်း မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ( ၁၂) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်ဆုချီးမြှင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်မီခင်နှင့်ကလေးရှောက်စောင့်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ပြိုင်ပွဲဆုရအားကစားသမားများ၊ အားကစားချစ်မြတ်နိုးသူ ပရိသတ်များက လာရောက်အားပေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ ဆက်)