ကိုကိုးကျွန်း မြိုနယ်လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပပြုလုပ်

ကိုကိုးကျွန်း ဖေဖေါ်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများအား ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အ.ထ.က ကိုကိုးကျွန်းမှ ကျောင်းသား/ ကျောင်းသူ များဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား အမှတ်တရ လက်ဆောင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဌာနမှပြသထားသော ပြည်ထောင်စုနေ့အထိမ်းအမှတ် ဓာတ်ပုံနံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကိုလည်း မေးမြန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)