ကေ့ာကရိတ် ဖေဖော်ဝါရီ ၁၃
ယခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့အကြို ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ အစိုးရမူလတန်းကြိုကျောင်း၌ ယနေ့နံနက် (၁၀)နာရီချိန်တွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲများကျင်းပရာတွင် အစိုးရမူလတန်းကြိုကျောင်းမှ သားငယ်သမီးများက တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်း ကောင်း ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်သီချင်းဆို ပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါနွယ်နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်တို့မှ အမှတ်တရဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)