လှိုင်သာယာ (အနောက်ပိုင်း) ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်ခန်းမတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့နံနက် (၇) အချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်မှ ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အထောက်အကူပြုအဖွဲ့များ (ကျေးရွာ အထောက်အကူပြု အဖွဲ့များ (၁၇၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်ဇော်