ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှုအားကောင်းလာစေရန်နှင့် မိမိတို့ဖတ်ရှုလေ့လာထားသည့် စာပေဗဟုသုတများကို၊ အချင်းချင်းပြန်လည်မျှဝေခံစားတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို၊ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အမှတ်(၁) အ.ထ.က Grade-9 မှ ကျောင်းသူ မဖြူနှင်းဖွေးက စာရေးဆရာ နိုက်ရေးသားသည့် သမီးနှင့်သားသို့ပေးစာများစာအုပ်မှ “ဘာဖြစ်လို့စာဖတ်ရမှာလဲ” ခေါင်းစဉ်ပါ ဆောင်းပါးကိုဖတ်ကြား၍ ဆောင်းပါးပါအကြောင်းအရာများနှင့်ပတ်သက်၍ စာရေးသူပေးလိုသည့် စာပေအသိပညာများမှ မိမိစိတ်တွင် ဖြစ်ပေါ်ခံစားရသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး၊ အခြားကျောင်းသား/ကျောင်းသူများ၏ အတွေးအမြင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမှတ်(၁)အ.ထ.က Grade-9 မှ ကျောင်းသူများ စုစုပေါင်း(၁၃)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်