မန္တလေး၊ စက်တင်ဘာ ၂၈
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၂၀ပြည့်နှစ် စက်တင်ဘလာ (၃၀)ရက်နေ့တွင် အသက်(၈၀)နှစ်ပြည့်နှင့် (၈၅)နှစ်အတွင်း အဘိုးအဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီက ရပ်ကွက်အုပ်ချုပ် ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၈၀)နှစ်ပြည့်နှင့် (၈၅)နှစ်အတွင်း အဘိုးအဘွားများအား ထောက်ပံ့ငွေပေးအပ်ရာတွင် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က နိုင်ငံတော်က ထောက်ပံ့ငွေများ ပေးအပ်နေမှုများ အကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်အတူ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အဘိုးအဘွား (၁၁၆၇)ဦးအား ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စီးပွားရေးကုစားမှုအစီအစဉ်ရ ပေးအပ်သည့် ထောက်ပံ့ကြေးများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ချက်ခြင်း မိမိတို့ ရပ်ကွက်အလိုက် လိုက်လံထောက်ပံ့ပေးအပ်ရာ စိန်ပန်းရပ်ကွက်နှင့် ဒေးဝန်း အရှေ့ရပ်ကွက်တို့ရှိ အဘိုးအဘွား များပေး အပ်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းလိုက်ပါ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်