အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၁၃

ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)မှ ကြီးမှူးဖွင့်လှစ်သည့် ရုံးအဆင့်ဆင့်တွင် အသစ်ခန့်အပ်လိုက်သည့် အငယ်တန်းစာရေးနှင့် လစာနှုန်းတူ၊ ရုံးအကူဝန်ထမ်းများ၊ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့ ကမ္ဘောဇချယ်ရီရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် အသစ်ခန့်အပ်လိုက်သည့် အငယ်တန်းစာရေးနှင့်လစာနှုန်းတူ၊ ရုံးအကူဝန်ထမ်းများအား ရုံးလုပ်ငန်းသဘောသဘာ၀ သိရှိနားလည်စေရန်နှင့် စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု၊ သစ္စာရှိမှု၊ စည်းလုံးညီညွတ်မှု၊ စွမ်းဆောင်ရည်ပြည့်၀မှုစသည့် စံ(၅)ရပ်နှင့်ပြည့်စုံသည့် ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းများဖြစ်ပေါ်လာစေရန် ဝန်ထမ်းသစ္စာအဓိဌာန်(၆)ချက်နှင့်အညီ ကျင့်ကြံနေထိုင်ရန်လိုအပ်ကြောင်း၊ သင်တန်းမှ ပို့ချသည့် သင်ခန်းစာများကို ကြိုးစားသင်ယူကြရန် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်တွင် အသစ်ခန့်အပ်လိုက်သည့် ဝန်ထမ်း စုစုပေါင်း(၆၆)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ(၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)