မိုင်းယောင်း ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်၌ ခင်းကျင်းပြသခဲ့သည်။
ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် နံရံကပ်ဘုတ်များတွင် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားပြီး မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း