ထန်းတပင်၌ မြို့ဝင်၊ မြို့ထွက်အသွားအလာများစစ်ဆေးဆောင်ရွက်နေ

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်း မှပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာ စစ်ဆေးဆောင်ရွက်ခြင်းများကို စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ထန်းတပင်မြို့ဝင်တိုးဂိတ်တွင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မြို့ဝင်၊ မြို့ထွက် အသွားအလာများ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်()ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်းသိရကာ မြို့တွင်းသို့တခြား ဒေသမှလာရောက်လည်ပတ်သူများအား ပြန်လည်စေလွှတ်ခြင်း၊ မြို့တွင်းသို့ ကျန်းမာရေးကိစ္စရပ်များနှင့် ကုန်စည်စီးဆင်းနိုင်စေရေးတို့အတွက် ဝင်ရောက်ပါကလည်း သက်ဆိုင်ရာထောက်ခံချက်များအား စိစစ်၍ မြို့တွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်းတို့ဖြင့် မြို့ဝင်၊ မြို့ထွက် အသွားအလာများကို စိစစ်ကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်းသိရပြီး  အသွားအလာစစ်ဆေးကာ စိစစ်ကြပ်မတ်ခြင်းများကို စက်တင် ဘာလ (၂၂) ရက်နေ့မှစတင်၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထန်းတပင်မြို့နယ်က Stay at Home အစီအစဉ်မှာ ပါဝင်တဲ့ မြို့နယ်ဖြစ်တဲ့ အလျှောက် မြို့ဝင်၊ မြို့ထွက်သွားလာမှုတွေကို စိစစ်ပြီးတော့ စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်၊  အဓိက မြို့တွင်း လမ်းမ ကြီး()ခုနဲ့ အဓိကနေရာ ()ခုဖြစ်တဲ့ မြို့ဝင်တိုးဂိတ်၊ တရားရုံးလမ်းဆုံနဲ့ ကုက္ကိုဝတံတားမှာ သွားလာမှု တွေကို စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်၊ မြို့တွင်းမှာ ကျန်ရှိတဲ့လမ်းအပိုင်းလိုက် ကိုကြတော့ သက်ဆိုင်ရာ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေကနေပြီးတော့ဆောင်ရွက်နေပါတယ်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းကရှင်းပြသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)