မိတ္ထီလာ(မြောက်)ကန်ရေသောက်စနစ်ရှိ အလယ်မြောင်းနှင့် ချိုင်းမြောင်းတို့ ရေစီးရေလာကောင်းစေရန် သဲနုံးတူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာ(မြောက်)ကန်ဆည်ရေသောက်စနစ်ရှိ အလယ်မြောင်းနှင့် ချိုင်းမြောင်းတို့ ရေစီးရေလာကောင်းစေရန် သဲနုံးတူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိတ္ထီလာမြောက်ကန်ရေသောက်စနစ်ရှိ ချိုင်းမြောင်းသည် မြို့ပေါ်ရပ်ကွက်များအတွင်းမှ ဖြတ်သန်းစီးရသဖြင့် ရေပေးမြောင်းအတွင်း ရေဆိုးနှင့်စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်မှုကြောင့် အမှိုက်နှင့်သဲနုံးများပို့ချခြင်းကြောင့် ရေစီးရေလာအဟန့်အတားများဖြစ်ပေါ်နေ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အရှည်ပေ ၂၄၈၀၀၊ အမြင့် ၅ပေ ရှိ ချိုင်းမြောင်းသဲနုံးတူးဖော်ခြင်းလုပ်ငန်းကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ စိုက်ပျိုးဧက ၁၀၀၆ အား စိုက်ပျိုးရေဖြည့်ဆည်းဆောင်ရွက်ရာတွင် သတ်မှတ်ရေစီးနှုန်းနှင့် သတ်မှတ်ရက်အလိုက်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးမိုးထံမှ သိရသည်။

၎င်းအပြင် မိတ္ထီလာမြောက်ကန်ရေသောက်စနစ်ရှိ အလယ်မြောင်းသည်သဲနုံးများပို့ချခြင်း၊ မြောင်းပေါင်နိမ့်ကျခြင်းများကြောင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် စိုက်ပျိုးအားပြည့်ဝစွာပေးဝေနိုင်ရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အရှည်ပေ ၁၀၄၀၀၊ အမြင့် ၅ ပေရှိ ချိုင်းမြောင်းသဲနုံးတူးဖော်ခြင်းလုပ်ငန်းကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေဖြည့်ဆည်းဆောင်ရွက်ရာတွင် သတ်မှတ်ရေစီးနှုန်းနှင့် သတ်မှတ်ရက်အလိုက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်