ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၃
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကို ယနေ့ နံနက်(၁၀ )နာရီက ပြင်ဦးလွင်မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည် ။
အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကို ( ၄ - ၂ - ၂၀၂၃ ) ရက်နေ့မှ ( ၁၂ - ၂ - ၂၀၂၃ ) ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန ဘောလုံးအသင်း၊ မြို့နယ်က ညနဘောလုံးအသင်း၊ မြို့နယ်မီးသတ်ဘောလုံးအသင်း၊ မြို့နယ်စည်ပင်ဘောလုံးအသင်း ၊ မြို့နယ်ပညာရေးဘောလုံးအသင်းနှင့် မြို့နယ်ဌာနပေါင်းစုံ ဘောလုံးအသင်း၊ စုစုပေါင်း(၆)သင်းတို့က အင်တိုက်အားတိုက်ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲတွင် မြို့နယ်စည်ပင်ဘောလုံးအသင်းနှင့် မြို့နယ်ပညာရေးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် မြို့နယ်ပညာရေး ဘောလုံးအသင်းမှ ပထမ ရရှိခဲ့သည် ။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော မြို့နယ်ပညာရေးဘောလုံးအသင်းအား ဆုငွေ ( ၂ ) သိန်း၊ ဒုတိယဆုရရှိသော မြို့နယ်စည်ပင်ဘောလုံးအသင်းအား ဆုငွေ ( ၁ ) သိန်း ၊ တတိယဆုရရှိသော မြို့နယ်က ညနဘောလုံးအသင်းအား ဆုငွေ ( ၅ ) သောင်းနှင့် တစ်ဦးချင်းအလိုက် အကောင်းဆုံးဆုများကို တာဝန်ရှိသူများမှ ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများ ၊ ဆုဖလားများကို အသီးသီးချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )