ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူ(၄၆) ဦးအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့်ဆက်လက်ပို့ဆောင်

 

လားရှိုး   စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက် လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး သို့ စနစ်တကျလွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိပါသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် မူဆယ်မြို့ ၊ လောက်ကိုင်မြို့ နှင့် ချင်းရွှေ ဟော်မြို့ များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို  စနစ်တကျ စိစစ်၍ လားရှိုးမြို့အထိ မော်တော် ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှ တစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီး စဉ်ဖြင့် မေလ(၆) ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက် ရှိရာတွင် စက်တင်ဘာလ (၂၈)ရက်နေ့၌  နေရပ်ပြန်ပြည်သူ အမျိုးသား(၂၃)ဦး ၊ အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၄၆)ဦး တို့ အား  ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၄၆)ဦး တို့တွင် ကချင်ပြည်နယ်မှ(၂)ဦး ၊  စစ်ကိုင်းတိုင်း ဒေသကြီးမှ (၁၂)ဦး  ၊ မကွေးတိုင်းဒေသကြီးမှ (၁၀)ဦး ၊ မန္တလေး တိုင်းဒေသကြီးမှ (၄)ဦး၊ မွန်ပြည် နယ်မှ(၁)ဦး ၊ ရန်ကုန်တိုင်း ဒေသ ကြီးမှ (၄)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ(၃)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁)ဦး၊ ရခိုင်ပြည်နယ်မှ(၉)ဦးတို့ ဖြစ်ကြ ပါသည်။ နေရပ်ပြန် ပြည်သူ များအား ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးရာတွင်  မေလ(၆)ရက်နေ့မှ  စက်တင် ဘာလ(၂၈)ရက်နေ့အထိ  အမျိုးသား(၁၀၄၃၆)ဦး ၊  အမျိုးသမီး  (၆၅၂၀)ဦး စုစုပေါင်း (၁၆၉၅၆) ဦးတို့ကို ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)