ပြည်ကြီးမဏ္ဍိုင်မြို့တွင် (CERP)အစီအစဉ်ဖြင့်စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ သမန်းနှိုး၊ မျိုးကွဲပယ်၊ မြေသြဇာ ကျဲပက်ခြင်းများဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်            စက်တင်ဘာ           ၂၈

ကိုဗစ်၁၉ရောဂါ ကာလအတွင်း(CERP)စီးပွါးရေး ကုစားမှုအစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် မိုးစပါးမျိုးစေ့ ထုတ် စိုက်ခင်းများ စိုက်ပျိုးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ကွင်းအမှတ်(၅၇၈)တွင် စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများတွင် သမန်းနှိုး၊ မျိုးကွဲပယ်၊ မြေသြဇာ ကျဲပက်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊မြို့ဦးစီးမှူး  ဦးသန်းဇော်မိုး ကြီးကြပ်မှုဖြင့် ယနေ့  နံနက်(၉)နာရီကစတင်ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများကို တနင်္သာရီတိုင်း ဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာန၏  ကြီးကြပ်မှု အစီအစဉ်ဖြင့် (၂၀၁၉-၂၀၂၀) မိုးစပါးရာသီတွင်(၂၀)ဧက စိုက်ပျိုးထားခဲ့ကြောင်း၊ ယခုနှစ်စိုက်ပျိုးထားသော မိုးစပါးအထွက်နှုံးအောင်မြင်ပါကလာမည့် မိုးစပါးရာသီ၌လယ်ဧက(၂၀၀)အတွက် မျိုးစေ့များတောင်သူများ သို့ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း ပြည်ကြီးမဏ္ဍိုင်စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးထံမှသိရသည်။

 

မျိုးလွင်(ပြန်/ဆက်)