ပေါက်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အမျိုးသား ပိုက်ကျော်ခြင်းနှင့် အမျိုးသား အမျိုးသမီးလွန်ဆွဲပြိုင်ပွဲဆုပေးပွဲကျင်းပ

ပေါက်တော    ဖေဖော်ဝါရီ   ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းဗိုလ်လုပွဲ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက ပေါက်တောရွှေမြေအားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်မှ အသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊  ဒုတိယဆုရရှိခဲ့သော အသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်းနှင့် တာဝန်ရှိသူများမှ  ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)