(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်

မြင်းခြံ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့် တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြ သည်။ ဆက်လက်၍ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး မတည်လှူဒါန်း ကူညီပေးသော အလှူရှင် ဦးမြင့်ဟန်(စင်ရော်) မိသားစုအား လက်ထောက်ညွှန်ကြားရေးမှူးက ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)