တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စိတ်ကြိုက်သီချင်းဆိုပြိုင်ပွဲ ကျင်းပ

တပ်ကုန်း     ဖေဖော်ဝါရီ       ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စိတ်ကြိုက်သီချင်းဆို ပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁၂ရက် နံနက် ၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ နာယကများနှင့်ယာယီဥက္ကဋ္ဌ ဦးကျော်စိုး လွင်တို့က သီချင်းဆိုပြိုင်ပွဲပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲသို့ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဝင်ပေါင်း(၄၅)ဦး တက်ရောက်ခဲ့ပြီး စိတ်ကြိုက်သီချင်း များဖြင့် (၁၅)ဦး သီဆိုယှဉ်ပြိုင်ခဲ့သည်။ သီချင်းဆိုပြိုင်ပွဲတွင် ဆုရရှိသူများကို နာယကများနှင့်ယာယီဥက္ကဋ္ဌတို့က  အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်