စမ်းချောင်း စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်အတွင်းပြည်သူများ Stay at home ထုတ်ပြန်ချက် စည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိမရှိ ကွင်းဆင်းစိစစ်ခြင်း နှင့်အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်ကတာဝန်ရှိသူများကဆောင်ရွက်ခဲ့ကြသည်။
ဆောင်ရွက်ရာတွင် Stay at home ကာလအတွင်းပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်းမပြုရန် နှင့်ခွင့်ပြုထားသောယာဉ်များနှင့်ခွင့်ပြုထားသော မိသားစုကျန်းမာရေးကိစ္စများ၊ စားသောက်ရေး စျေးဝယ်ခြင်း ကိစ္စများမှလွဲပြီးနယ်မြေကျော်သွားလာခြင်းများမရှိစေရေး ယာဉ်များကိုတားဆီး၍ စိစစ်အသိပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဌေး၊မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်ဆူးသစ် (ပြန်/ဆက်)