နေပြည်တော် ဖေဖော်ဝါရီ ၁၂
နေပြည်တော် ပျဉ်းမနားဂေါက်သီးရိုက်အသင်းမှကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို ယမန်နေ့က Royal Myanmar ဂေါက်ကွင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော် ပျဉ်းမနားဂေါက်သီးရိုက်အသင်းနာယက၊ ဥက္ကဋ္ဌနှင့်အသင်းသားများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် အသင်းအလုပ်အမှုဆောင် တာဝန်ရှိသူများက ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးအတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အထူးဆုများနှင့် Hole in One ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့က Royal Myanmar ဂေါက်ကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမား(၇၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင်အားကစားသမားများက ပြိုင်ပွဲပုံစံအချက်အကျောပေး Handicap System ဖြင့် ကျင်း(၁၈)ကျင်း ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)