နမ္မတူ စက်တင်ဘာ ၂၈
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ်၊ မြို့မဈေး၌ ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင် အရာရှိ ဦးသက်နိုင်ထွန်းနှင့် ဝန်ထမ်းများက နမ္မတူမြို့နယ် မြို့မဈေးအတွင်း ဈေးရောင်း /ဈေးဝယ်လာရောက်ကြသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်း စည်း (Mask)များကို စနစ်တကျ တပ်ဆင်စေရေး၊ လက်ကို စနစ်တကျ ဆေးကြောစေရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် ထုတ်ပြန် ထားသော လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်စေရေးနှင့် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်ထိန်းချုပ်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွင်း ဈေးဝယ် သူများ၊ အိမ်ဆိုင်များ၊ ဈေးဆိုင်များ၊ ဈေးနှင့် ဈေးကြီကြပ်ရေးကော်မတီများ တိကျစွာ လိုက်နာရမည့် အချက်များအား ဆော်ဩခြင်း အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံက သိရသည်။
လူမော် (ပြန်/ဆက်)