တာချီလိတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

တာချီလိတ်    ဖေဖော်ဝါရီ     ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်ကြက်တောင်ဆပ်ကော်မတီမှ ကြီးမှူးကျင်းသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက Happy Restaurant တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ယှဉ်ပြိုင်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ အလွတ်တန်း ပြိုင်ပွဲ၊ အသက် ၅၀ နှစ်နှင့်အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲဝင် အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကစားသမားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)