(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၂၈

(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်(၇)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက် ကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာရှိ သီရိ မင်္ဂလာဘုရားကုန်းဘုန်းတော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဖောင်ကြီးနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဇော်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်(၂၈)ဦးတို့က ဘုရားကုန်းကျေးရွာရှိ သီရိ မင်္ဂလာဘုရားကုန်း ဘုန်းတော်ကြီးကျောင်း အတွင်း/အပြင် ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ မြက်ပေါင်းပင်များ ရှင်းလင်းခြင်း၊ သစ်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းတူးဖော်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)