မုဒုံမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း 3 On 3 ဘတ်စကတ်ဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

 မုဒုံ ဖေဖော်ဝါရီ ၁၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း 3 On 3 ဘတ်စကတ်​ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်မိုးလုံ၊ လေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသောဌာနဆိုင်မှ တာဝန်ရှိသူများ တက်ရောက်သည်။

အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အသင်း၆သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲကို HOOPIN အသင်းနှင့် KARASUNO အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ HOOPIN အသင်းမှအနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပထမဆုရရှိသာ HOOPIN အသင်း၊ ဒုတိယဆုရရှိ​သောKARASUNO အသင်း၊ တတိယဆုရရှိ​သော One အသင်းနှင့်ဂုဏ်ပြုဆု ရရှိသော AOI အသင်းတို့အား ဌာနဆိုင်ရာမှတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မုဒုံသူ