‌ရွှေပြည်သာမြို့နယ်တွင် Stay  at  Home ကာလအတွင်း နေအိမ်ပြင်ပသွားလာသူများအား ကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ သွားလာစေရေးအသိပညာပေးပူးပေါင်းဆောင်ရွက်

ရွှေပြည်သာ          စက်တင်ဘာ      ၂

ရွှေပြည်သာမြို့နယ်တွင် Stay  at  Home   ကာလအတွင်း  နေအိမ်ပြင်ပသွားလာသူများအား   ကျန်းမာရေး ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ သွားလာစေရေး အသိပညာပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းမှ  စတင်ကာ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊  မြို့နယ် မီးသတ်ဦးစီးဌာနနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ  ဆောင်ရွက်မှုများကိုရွှေ ပြည်သာမြို့နယ်အမှတ်(၄)လမ်းမကြီးရှိ     လှော်ကားလမ်းဆုံ၊ လှော်ကား ငါးကန်ထိပ်နှင့်ဇီးကုန်းကျေးရွာ  ဆောက်လုပ်ရေးမှတ်တိုင်တို့တွင် အဖွဲ့(၃)ဖွဲ့ခွဲ၍သွားလာနေ သောလူနှင့် ယာဉ်များအား ရပ်တန့်စေပြီး  Stay  at  Home ကာလအတွင်း    ပြည်သူများ ကျန်းမာရေးနှင့် စား သောက်ရေးအတွက် စျေးဝယ်ရန်ကိစ္စများမှလွဲ၍  နေအိမ်ပြင်ပသို့မထွက်ကြရန်နှင့်   မဖြစ်မနေထွက် ရမည်ဆို ပါကလည်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ထွက်ခွာကြရန်တို့ ကို အသိပညာပေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမိုး  ( ပြန် /ဆက် )