(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မာန်အောင် ဖေဖော်ဝါရီ   ၁၂

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ ညနေ ၃ နာရီက မြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အမျိုးသား(အလွတ်တန်း) ဘော်လီဘောပြိုင်ပွဲတွင် အသင်း(၅)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ရွှေအိုးစည်အသင်းနှင့် ညောင်ပင်လှအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပထမဆုကို ညောင်ပင်လှအသင်းကလည်းကောင်း၊ ဒုတိယဆုကို ရွှေအိုးစည်အသင်းကလည်းကောင်း အသီးသီးရရှိခဲ့ပြီး ဆုပေးပွဲတွင် ပထမဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းကလည်းကောင်း၊ ဒုတိယဆုကိုအဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)