ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် (၇၆) နှစ်​မြောက်ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်ပြပွဲ ပြခန်းများ ဒုတိယ​နေ့ဖွင့်လှစ်မှူအား ဝန်ကြီးချုပ်လှည့်လည်ကြည့်ရှု

ဒဂုံ ​ဖေ​ဖော်ဝါရီ ၁၂

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ်၊ ၇၆-နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများအား ဒုတိယ​နေ့အဖြစ် ဆက်လက်ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါ ပြည်​ထောင်စု​နေ့အထိမ်းအမှတ်ပြခန်းများတွင် ဝန်ကြီးဌာနပြခန်း (၂၅)ခန်း၊ ပြည် ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း (၁၅) ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချမည့် ဆိုင်ခန်း (၁၅) ခန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှထုတ်လုပ်သည့် လူသုံး၊ အိမ်သုံး၊ လုပ်ငန်းသုံးပစ္စည်းများ ရောင်းချမည့်ဆိုင်ခန်း (၃၆၀)ခန်း ဖွင့်လှစ် ပြသ/ရောင်းချလျက် ရှိကြသည်။

 အဆိုပါ ပြခန်းများအားရန် ကုန်တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊မြို့​တော်ဝန် ဦးဗိုလ်​ဌေး နှင့်အဖွဲ့ဝင်များ ယ​မန်နေ့ နေ့လယ် ၁၂နာရီခန့်က လာ​ရောက်လှည့်လည်ကြည့်ရှုအား​ပေးခဲ့ကြသည်။

(၇၆)နှစ်​​မြောက် ပြည်​ထောင်စု​နေ့အခမ်းအနားအား​ ဖေ​ဖော်ဝါရီလ ၁၀ရက်​နေ့မှ ၁၄ရက်​နေ့အထိ နံနက်၉နာရီမှ ည ၁၀နာရီ ၃၀မိနစ်ထိစည်ကားသိုက်မြိုက်စွာ ပြည်သူ့ရင်ပြင်အတွင်း ကျင်းပ​ဆောင် ရွက်သွားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့လာ​ရောက် ​လေ့လာကြည့်ရှုနိုင် ကြကြောင်း သတင်းရရှိပါ သည်။

ကြည်​ဇေ​သော်