ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်စကားဝိုင်းပြုလုပ်

ကွမ်းလုံ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က လူငယ်နှင့်တိုးတက်ခြင်း/ဆိုးယုတ်ခြင်း ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကိုဖိတ်ကြားထားသည့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၀) ဦးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်၍ အသိပညာဗဟုသုတကြွယ်ဝစွာရရှိစေရန် လူငယ် စကားဝိုင်းများအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် Grade-10 ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မဝဲဟောက်ကျင်၊ မယေ့လာဆွေ၊ မမေသဇင်ဦးနှင့် မောင်ရဲထွဋ်ကျော်တို့က လူငယ်နှင့်တိုးတက်ခြင်း/ဆိုးယုတ်ခြင်း ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးသည် ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများကို အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိစေရန်အတွက် လူငယ်စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်များနှင့် အသိပညာပေးပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)