ပေါက်တော ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာရှိ အ.ထ.ကကျောင်းစုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြမင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းမင်းစိုးက ဦးဆောင်ဆွေးနွေးကာ Grade -8 မှ ကျောင်းသူမခင်သုမွန်က လူငယ်နဲ့စာဖတ်ခြင်း၊ Grade-8 မှ ကျောင်းသူမစုမြတ်သွယ် လူငယ်နဲ့ရည်မှန်းချက်၊ Grade- 8 မှ ကျောင်းသားမောင်ထွန်းထွန်းနိုင်က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး၊ Grade-8 မှ ကျောင်းသားမောင်သန်းနိုင်ဝင်းက လူငယ်နဲ့ကြီးပွားရေး အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ(၄)ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ်လက်ပံပြားကျေးရွာရှိ အ.ထ.ကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်တို့ကို ကြည့်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာကို ဖြန့်ဝေပေးကြသည်။
ဝင်းမင်းစိုး (ပြန်/ ဆက်)