မြစ်သား စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ(SRT)သို့ ယနေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်(၁)ဦးမှ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အလှူငွေများကို မြစ်သားမြို့နယ် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြု နိုင်ရန်အတွက် လှူဒါန်းခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်ဒေါက်တာလင်းလင်းကျော်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းတို့က အလှူငွေ ကျပ်(၁)သိန်းစီဖြင့် ငွေကျပ်(၄)သိန်းကိုလည်းကောင်း၊ ဦးနေဦး−ဒေါ်သစ်သစ်မော်(မင်းမဟော်ကုမ္ပဏီ၊ စိုက်ပျိုးရေးဆေးဆိုင် (ကူမဲ)မှ အလှူငွေကျပ်(၃)သိန်း၊ စုစုပေါင်းအလှူငွေကျပ်(၇)သိန်းကို ပေးအပ် လှူဒါန်းရာ မြို့နယ်ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍လည်း မြစ်သားမြို့နယ်အတွင်း ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းလိုသော အလှူရှင်များမှလည်းလာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အဆိုပါလှူဒါန်းရရှိငွေများအား မြစ်သားကမ္ဘောဇဘဏ်တွင် အကောင့်ဖွင့်လှစ်ကာဆောင်ရွက်ထားရှိ ကြောင်းသိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)