ကျိုင်းတုံမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်း၊ ဈေးရောင်းပွဲ၊ အကပဒေသာကပွဲ၊ သီချင်းဆိုပြိုင်ပွဲ စည်ကားစွာ ကျင်းပလျက်ရှိ

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်း၊ ဈေးရောင်းပွဲ၊ အကပဒေသာကပွဲ၊ သီချင်းဆိုပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျိုင်းတုံ မြို့မအားကစားကွင်းတွင် ကျင်းပလျှက်ရှိရာ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျှက် ရှိကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း အဆိုတော်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များ၊ ပျော်ရွှင်ဖွယ်ဂိမ်းအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများဖြင့် ဖျော်ဖြေတင်ဆက်လျှက်ရှိပြီး ပွဲခင်းအတွင်း (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာပြခန်းများ၊ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအ‌ရောင်းဆိုင်များ၊ ရှမ်းရိုးရာလမုန်းအကများ၊ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)