မန်တုံ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်း သင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများနှင့် လူ့လောကတွင် စာတတ်ဖို့၊ ပညာတတ်ဖို့ အရေးပါကြောင်း၊ ပညာမရှိသူနှင့် ပညာရှိသူ၊ ပညာနည်းသူနှင့် ဉာဏ်ပညာကြီးမားသူများရဲ့ ဘဝအောင်မြင်မှုများသည် မတူပါကြောင်း၊ စာတတ်ခြင်းနှင့် ပညာတတ်ခြင်းမတူညီကြောင်း၊ စာတတ်ခြင်းဆိုသည် အတန်းအောင်တာ၊ ဘွဲ့ရတာ၊ ကျောင်းပြီးတာဖြစ်ကြောင်း၊ ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် အဆင်ပြေပြေနေနိုင်ရန် အသိပညာ၊ ဗဟုသုတများ ပြည့်ဝဖို့ရန် လိုအပ်ကြောင်း အစရှိသည်များကို ကျောင်းသား လူငယ်လူရွယ်များ အသိပညာ ဗဟုသုတရဖွယ် ဟောပြောဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲ၌ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့သည်။
မန်တုံ(ပြန်/ဆက်)